Sasha Grey

 Sasha Grey ဆိုတာ ကျနော်တို့ ယောက်ျားအများစု ငယ်ဘဝရဲ့ အချစ်ဦးပါ ။ သူမရဲ့အကြည့်စူးစူးတွေ ၊ နှုတ်ခမ်းလှလှလေးတွေကြောင့် ကျနော်တို့ဟာ သက်ရှိများစွာကို အသက်ဆုံးရှုံးစေခဲ့ဖူးပါတယ် ။ သူမရဲ့ နာမည်အရင်းကတော့ Marina Ann Hantzis ဖြစ်ပြီး သူမကို ၁၉၈၈ ခုနှစ် မတ်လ ၁၄ မှာ မွေးဖွားခဲ့ကာ ကယ်လီဖိုးနီးယားပြည်နယ်က North Highlands မှာကြီးပြင်းခဲ့ပါတယ် ။ သူမဟာ ယခင်က အပြာရုပ်ရှင်မင်းသမီးဟောင်း ၊ ယခုအခါမှာ ဂီတအနုပညာရှင် ၊ ရုပ်ရှင်မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေသူပါ ။ သူမဟာ Smash Cut  လို့ခေါ်တဲ့ Comedy / Horror ရုပ်ရှင်နဲ့ နာမည်ကြီး တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ Encourage မှာလဲ ပါဝင်ဖူးပါတယ် ၊ ဒီ့အပြင်သူမဟာ aTelecine band ရဲ့ အဖွဲ့ဝင်တစ်ယောက်လဲဖြစ်ပါတယ် ။ 2007 ကနေ 2010 ခုနှစ်အတွင်း သူမဟာ ဆုတွေအများအပြားရရှိထားသူဖြစ်ပြီး 2008 ခုနှစ်မှာတော့ AVN Female Performer of the Year Award ကိုရရှိထားပါတယ် ။



သူမဟာ အသက် ၁၈ နှစ်ပြည့်ပြီးပြီးချင်းမှာပဲ ဒီလောကထဲကို ဝင်ရောက်လာပါတယ် ။ 2005 ခုနှစ်မှာ ကောလိပ်စတက်ပြီး အလုပ်တစ်ဖက် ၊ ကျောင်းတစ်ဖက်နဲ့ သူမဘဝကို ကြိုးစားရုန်းကန်ခဲ့ပါတယ် ။ (ဆိုလိုချင်တာက သူမဟာ အပြာကားတွေရိုက်ကူးနေရင်းတန်းလန်းမှာ ကျောင်းလဲတက်နေပါသေးတယ် ) ။ ဒါကြောင့်မို့လဲ သူမကို ဂျာနယ်လစ်အများစုက အပြာရုပ်ရှင်လောကထဲမှာ သတ္တိအရှိဆုံး ၊ အထက်မြတ်ဆုံး အမျိုးသမီးတစ်ယောက်လို့ ပြောဆိုကြတာပါ ။


သူမဟာ ဒီလောကထဲ ဝင်ရောက်ရောက်လာခြင်း ပထမနှစ်မှာပဲ $200,000 ခန့်ရှာဖွေနိုင်ခဲ့ပါတယ် ။  သူမရဲ့ ကျော်ကြားမှုက မြင့်မားလာတာနဲ့အမျှ  ၂၀၀၇ ခုနှစ် ဇူလိုင်လမှာ Penthouse magazine ရဲ့ မျက်နှာဖုံးမှာဖော်ပြခြင်းခံရပါတယ် ။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာမှာတော့ သူမဟာ Rolling Stone Magazine ရဲ့ Hot issue ဆိုတဲ့ ခေါင်းစဉ်အောက်မှာဖော်ပြခြင်းခံရပါတယ် ၊ 2011 ခုနှစ်မှာတော့ သူမဟာ ဒီလောကထဲက နုတ်ထွက်လိုက်ပေမယ့် CNBC ကဖော်ပြတဲ့ အကျော်ကြားဆုံး နာမည်ကြီး အပြာမင်းသမီး ၁၂ ယောက်စာရင်းမှာ ပါဝင်နေတုန်းပါ ။ နောက်ပြီး 2011 ခုနှစ် Jun 27 မှာထွက်ရှိလာတဲ့ American လူဖြူ Rapper Eminem ရဲ့ Space Bound သီချင်းမှာ သူမဟာ ပါဝင် သရုပ်ဆောင်ပေးခဲ့ပါသေးတယ်

https://youtu.be/JByDbPn6A1o

နောက်ပိုင်းမှာတော့ Mainstream လှုပ်ရှားမှုတွေအနေနဲ့  The Girlfriend Experience, Smash Cut , Quit , I melt with you , The Girl From The Naked Eye နဲ့ Open Windows ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပါတယ် ။ သူမဟာ ဂရိ ၊ အင်္ဂလိပ် ၊ ပိုလန် ၊ အိုင်းရစ် ၊ စကော့တလန်သွေးနှောသူပါ ။ နောက်ပြီး သူမဟာ လက်မမှာ စွပ်ထားတဲ့ လက်စွပ်ကို ဘယ်တော့မှ မချွတ်ပါဖူး ။April 8th 2011 မှာတော့ သူမက ဒီလောကထဲမှ အနားယူတော့မယ်လို့ သူမရဲ့ official Facebook page ကနေ ကြေငြာခဲ့ပါတယ် ။



Some Facts about Sasha
- သူမရဲ့ နာမည်က ပထမစကားလုံး Sasha ဟာ ဂျာမန်ဂီတပညာရှင် Sascha Konietzko ဆီက ယူထားတာဖြစ်ပြီး ၊ Grey ကတော့ Oscar Wilde ရဲ့ ၁၈၉၀ မှာထွက်ခဲ့တဲ့ စာအုပ် The Picture of Dorian Gray က ယူထားတာ ဖြစ်ပါတယ် ။
- သူမ ဒီလောကထဲက အနားယူတော့ သူမအသက်ဟာ ၂၁ သာ ရှိပါသေးတယ်
- ၂၀၁၃ မှာတော့ သူမဟာ The Juliette Society လို့ခေါ်တဲ့ erotic ဝတ္ထု သုံးအုပ်တွဲကို ထုတ်ဝေခဲ့ပါတယ်
- သူမတန်ဖိုးအထားရဆုံး အရာနှစ်ခုက သူမရဲ့ ကားနဲ့ သူမရဲ့ ခွေးလေးပါ ။



Ref - The Lord of Porn
ဘာသာပြန် - #MR_Pervert_1999
Photos from Google

Comments