သူမဟာ ၂၀၀၉ ခုနှစ်မှာ SKE48 လို့ ခေါ်တဲ့ ဂျပန်အဆိုတော် idol အဖွဲ့မှာ လှုပ်ရှားခဲ့ပေမယ့် ၂၀၁၄ မှာ နှုတ်ထွက်ခဲ့ပါတယ် ။ ဂျပန်လူကြီး ရုပ်ရှင်လောကထဲကိုတော့ ၂၀၁၅ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ် ။ Muteki ဆိုတဲ့ လူကြီး ရုပ်ရှင်ထုတ်လုပ်ရေး Label တစ်ခုနဲ့ လက်တွဲခဲ့ပြီး အောင်မြင်မှုတွေကို ဆက်တိုက်ဆွတ်ခဲ့တာ ၂၀၁၇ ခုနှစ်မှာတော့ လူကြီးရုပ်ရှင်လောကထဲမှာ ရောင်းအားအကောင်းဆုံး ၊ ရေပန်းအစားဆုံး စတဲ့ ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ် ။
ယခုလက်ရှိမှာတော့ သူမဟာ S1 No1 style ဆိုတဲ့ Label အောက် အလုပ်လုပ်နေတာဖြစ်ပြီး ၊ Virtual Reality video တွေအပါအဝင် ဇာတ်ကားပေါင်း ၁၀၀ ကျော်ရိုက်ကူးပြီးဖြစ်ပါတယ် ။
တစ်ဖက်မှာလဲ သူမဟာ ယခုထိ သီချင်းတွေသီဆိုနေဆဲလဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Ebisu Muscats ဆိုတဲ့ အဖွဲ့မှာပါဝင်ခဲ့ပြီး ၊ ၂၀၁၈ ကနေ ယခုလက်ရှိအထိ Honey Popcorn လို့ခေါ်တဲ့ တောင်ကိုရီးယား အခြေစိုက် အမျိုးသမီးအဆိုတော်အဖွဲ့မှာ သီချင်းတွေသီဆိုနေပါတယ် ။
Muteki label က ရိုက်ကူးပေးတဲ့ သူမရဲ့ Princess Peach ဆိုတဲ့ ဇာတ်ကားက(ပိုးဟပ်မှာရှာကြည့်ရှိတယ်) သူမရဲ့ ပထမဆုံးဇာတ်ကားပါ ။ အစပိုင်းမှာ တစ်ကားရိုက်ပြီး နားမယ် စဉ်းစားခဲ့ပေမယ် ဒီဗီဒီယိုက သူမကို အတော်ကြီးကို နာမည်ကြီးသွားစေခဲ့ပါတယ် ။ Muteko labe အတွက် ၂၀၁၅ ခုနှစ်အတွင်း အရောင်းရဆုံးဇာတ်ကားဖြစ်လာစေပါတယ် ။ ဒီလိုမထင်မှတ်ထားတဲ့ ရလဒ်တစ်ခုက သူမကို ယခုအချိန်ထိ ဒီလောကထဲမှာ ကျန်ရှိနေစေတာပါပဲ (ကျေးဇူးကြီးမားလိုက်တာ 🤤🤤) ။
၂၀၁၆ ခုနှစ် မေလ ၁၃ ရက်နေ့မှာတော့ သူမရဲ့မရဲ့ ပထမဆုံး ဆုတစ်ခုဖြစ်တဲ့ လူကြီးရုပ်ရှင်လောက ဆုပေးပွဲမှ အကောင်းဆုံးမျက်နှာသစ်အမျိုးသမီး သရုပ်ဆောင်ဆုကို Moe Amatsuka နဲ့ ပူးတွဲရရှိခဲ့ပါတယ် ။
သူမဟာ S1 Label ကို ပြောင်းရွှေ့ခဲ့ပြီး သူမရဲ့ အောင်မြင်မှုတွေကလဲ တဟုန်ထိုး ထိုးတက်နေတာတာမို့ S1 ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာခဲ့ပြီး ရောင်းအားအကောင်းဆုံး စာရင်းတွေမှာ ခဏခဏ မြင်လာရပါတယ် ။ Fanza က ပြုလုပ်တဲ့ သုတေသနတွေအရတော့ သူမဟာ ၂၀၁၈ ခုနှစ်အတွင်း နာမည်အကြီးဆုံး ထိပ်တန်းမင်းသမီး ဆယ်ယောက် စာရင်းထဲမှာရှိနေပြီး ၊ Digital sale မှာ အရောင်းရဆုံး နံပါတ် ၈ ၊ DVDS/ Blu-ray ခွေ အရောင်းရဆုံး နံပါတ် ၆ နေရာမှာ ရှိနေပါတယ် ။
Twitter account - https://twitter.com/yua_mikami?s=09
သူမရဲ့ သီချင်းကို ဒီနေရာကနေ နားဆင်ပါ - https://youtu.be/LAOT6JscCVU
ဘာသာပြန် - #MR_Perverts
Ref - Wikipedia
Photos from Yua Mikami's Twitter




Comments
Post a Comment